International News
သေဆုံးသူတို့ဧ။်အဝတ်အစားများကို စွန့်ပစ်မည့်အစား ဝက်ဝံရုပ်အဖြစ်သို့ ပြောင်းလဲချုပ်လုပ်ပေးနေသော ဒီဇိုင်နာမလေး
Written by MM Celecm
ကိုယ်ချစ်ရတဲ့သူများသေဆုံးသွားပါက မသေခင် သူတို့အသုံးပြုခဲ့သော အရာ၀၀တ္ထုပစ္စည်းများကို အချို့ကျ အမှတ်တရအဖြစ် သိမ်းဆည်းထားတတ်ပြီး အချို့ကျ မြင်တွေ့တိုင်း လွမ်းဆွတ်နေမိ၍ စွန့်ပစ်လိုကြတာမျိုး ရှိသည်။
ယခုအခါမှာတော့ ထိုသို့ သေဆုံးသူများဧ။် အဝတ်အစားလေးများကို စွန့်ပစ်စရာမလိုပဲ ထာဝရတန်ဖိုးထားသိမ်းဆည်းရအောင်ဆိုပြီး ဝက်ဝံရုပ်လေးများပုံစံ ချုပ်လုပ်ပေးနေသော ဒီဇိုင်နာမိန်းကလေးသည် လူမှုကွန်ယက်တွင် အတော်လေးရေပန်းစားနေခဲ့သည်။
Mary အမည်ရှိသော အသက် ၂၁နှစ်အရွယ် မိန်းကလေးသည် ဝါသနာပါရာ ဖက်ရှင်နှင့်ပက်သက်ပြီး နည်းပညာများလေ့လာပြီးနောက် စက်ချုပ်သင်တန်းသို့ တက်ရောက်ခဲ့သည်။
ပထမဆုံးအနေနှင့် သူမအား သူငယ်ချင်းဖြစ်သူမှဝက်ဝံရုပ်လေးချုပ်လုပ်ပေးရန် တောင်းဆိုခဲ့ရာ ယုံကြည်ချက်မရှိသရှိနှင့် အစမ်းချုပ်လုပ်ခဲ့ပြီး လက်ရာမှာပြောင်မြောက်လွန်း၍ အကြိုက်ဖြစ်စေခဲ့သည်။
ထို့နောက် မိန်းကလေးဧ။် ဝက်ဝံရုပ်ပုံများမှာ တဖြည်းဖြည်း နာမည်ရလာပြီး ကွယ်လွန်သူတို့ဧ။် လွှင့်မပစ်ရက်သော အဝတ်အစားများကို အကျိုးရှိစွာ အမှတ်တရပစ္စည်းကောင်းလေးအဖြစ် ချုပ်လုပ်ပေးခဲ့ရာ ပိုင်ရှင်များအနေနှင့် သူတို့ချစ်ရသူများမှာ အသက်ပြန်ဝင်လာသလို ခံစားမိသည်ဟု ဆိုကြကာ အားပေးသူများလာခဲ့သည်။
1.
2.
Hlaing (Love Feeling )
Zawgyi
Hlaing (Love Feeling )
About the author
MM Celecm
Leave a Comment