Power Bankများသည် နေရာတကာ ယူဆောင်သွားရလွယ်ကူပြီး ခရီးသွားတာမျိုးဖြစ်ဖြစ် မီးမလာသည့်အခါမျိုးမှာဖြစ်ဖြစ် အသုံးများကြရာ ထုတ်လုပ်သူများကလည်း ပုံစံအမျိုးမျိုး ဒီဇိုင်းအမျိုးမျိုးဖြင့် တီထွင်ထုတ်လုပ်လာကြသည်။
သို့ဖြစ်၍ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် မြောင်းတူးဖော်ရင်း အန္တရာယ်ရှိသော လက်ပစ်ဗုံးတစ်လုံးကို ဆောက်လုပ်ရေးသမားများမှ ထိတ်လန့်ဖွယ် တွေ့ရှိခဲ့သည်။
ဆောက်လုပ်ရေးသမားများသည် လက်ပစ်ဗုံးအားမြင်တွေ့လိုက်စဥ် ချက်ချင်းပဲ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်ကို အကြောင်းကြားခဲ့ရာ လျင်မြန်စွာ ရောက်ရှိလာခဲ့ပြီးနောက် လက်ပစ်ဗုံးနှင့် အနီးတစ်ဝိုက်ကို ပိတ်ဆို့ခဲ့ပြီး လူအများလည်း ရှုပ်ထွေးကုန်ကြသည်။
သို့သော်လည်း ထိုလက်ပစ်ဗုံးအား သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များမှ သေချာ စစ်ဆေးကြည့်လိုက်ချိန်မှာတော့ တကယ့်လက်ပစ်ဗုံးမဟုတ်ပဲ Remaxအမှတ်တံဆိပ် ကုမ္ပဏီမှ ထုတ်လုပ်လိုက်သော Power Bankတစ်လုံးသာ ဖြစ်နေကြောင်း သိခဲ့ရသည်။
1.
2.
Hlaing (Love Feeling)
Zawgyi
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့၍ ထိတ်လန့်တကြားနဲ့ ရဲတပ်ဖွဲ့ဝင်အား အကြောင်းကြားခဲ့ရာ စစ်ဆေးကြည့်ချိန်တွင် အားသွင်း Power Bankတစ်လုံးသာဖြစ်နေခဲ့
Hlaing (Love Feeling)