မိဘတိုင်းက သားသမီးတိုင်းကို ပညာတတ်ကြီးဖြစ်စေချင်ကြပြီး သူတို့လေးတွေ ကောင်းစားရေးအတွက် ဆင်းရဲဒုက္ခအမျိုးမျိုးခံရသော်လည်း မငြီးငြူခဲ့ပေ။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ ဖခင်တစ်ဦးသည် သားသမီး၅ယောက်ရှိခဲ့ရာ သားယောကျာ်းလေး လေးယောက်နဲ့ သမီးငယ်လေးတစ်ယောက် ဖြစ်ပြီး ကလေးတွေအားလုံးကို ဘွဲ့ရသည်ထိ လယ်လုပ်ပြီးတော့ ကျောင်းထားပေးခဲ့ခြင်းဖြင့် အများမှလေးစားဖွယ်ကောင်းလှသော ဖခင်တစ်ဦးအဖြစ် အမြဲလိုလို ချီးမွမ်းခြင်းကို ခံခဲ့ရသည်။
သားလေးယောက်မှာ ဘွဲ့ရပြီး အလုပ်တန်းလျှောက်ကာ အိမ်ထောင်ကိုယ်စီပြုကုန်ကြ၍ ဖခင်ဖြစ်သူခမျာ အသက်ကြီးပြီဖြစ်သော်လည်း အနားမယူရသေးပဲ သမီးငယ်လေးအတွက်ကို လယ်လုပ်ရင်း ကျောင်းပြီးသည်ထိ ထောက်ပံ့ပေးခဲ့သည်။
ဖခင်ဖြစ်သူသည် သမီးငယ်လေးဘွဲ့ယူသည့်အချိန်တွင် အခမ်းအနားသို့ တက်ရောက်ဂုဏ်ပြုခဲ့ပြီး သမီးလေးကို သူဖြစ်စေချင်သလို ပညာတတ်တစ်ယောက်အဖြစ်မြင်တွေ့ခွင့်ရခဲ့တာကြောင့် ဝမ်းသာပီတိဖြစ်ကာ မျက်ရည်များပင် ဝဲနေသောပုံရိပ်လေးသည် မြင်တွေ့သူများအားလုံးရဲ့ ရင်ထဲကို ထိမိစေကာ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာမည်မျှကြီးမားကြောင်းကိုလည်း ခံစားစေခဲ့သည်။
video
Hlaing (Love Feeling)
Zawgyi
လယ္လုပ္ၿပီး သမီးျဖစ္သူကို ေက်ာင္းထားေပးခဲ့ရာ ဘြဲ႕ယူသည့္ခ်ိန္တြင္ ဝမ္းသာလြန္း၍ မ်က္ရည္မ်ားဝဲေနရွာေသာ ဖခင္တစ္ဦး
မိဘတိုင္းက သားသမီးတိုင္းကို ပညာတတ္ႀကီးျဖစ္ေစခ်င္ၾကၿပီး သူတို႔ေလးေတြ ေကာင္းစားေရးအတြက္ ဆင္းရဲဒုကၡအမ်ိဳးမ်ိဳးခံရေသာ္လည္း မၿငီးျငဴခဲ့ေပ။
သို႔ျဖစ္၍ ဗီယက္နမ္ႏိုင္ငံမွ ဖခင္တစ္ဦးသည္ သားသမီး၅ေယာက္ရွိခဲ့ရာ သားေယာက်ာ္းေလး ေလးေယာက္နဲ႔ သမီးငယ္ေလးတစ္ေယာက္ ျဖစ္ၿပီး ကေလးေတြအားလုံးကို ဘြဲ႕ရသည္ထိ လယ္လုပ္ၿပီးေတာ့ ေက်ာင္းထားေပးခဲ့ျခင္းျဖင့္ အမ်ားမွေလးစားဖြယ္ေကာင္းလွေသာ ဖခင္တစ္ဦးအျဖစ္ အၿမဲလိုလို ခ်ီးမြမ္းျခင္းကို ခံခဲ့ရသည္။
သားေလးေယာက္မွာ ဘြဲ႕ရၿပီး အလုပ္တန္းေလွ်ာက္ကာ အိမ္ေထာင္ကိုယ္စီျပဳကုန္ၾက၍ ဖခင္ျဖစ္သူခမ်ာ အသက္ႀကီးၿပီျဖစ္ေသာ္လည္း အနားမယူရေသးပဲ သမီးငယ္ေလးအတြက္ကို လယ္လုပ္ရင္း ေက်ာင္းၿပီးသည္ထိ ေထာက္ပံ့ေပးခဲ့သည္။
ဖခင္ျဖစ္သူသည္ သမီးငယ္ေလးဘြဲ႕ယူသည့္အခ်ိန္တြင္ အခမ္းအနားသို႔ တက္ေရာက္ဂုဏ္ျပဳခဲ့ၿပီး သမီးေလးကို သူျဖစ္ေစခ်င္သလို ပညာတတ္တစ္ေယာက္အျဖစ္ျမင္ေတြ႕ခြင့္ရခဲ့တာေၾကာင့္ ဝမ္းသာပီတိျဖစ္ကာ မ်က္ရည္မ်ားပင္ ဝဲေနေသာပုံရိပ္ေလးသည္ ျမင္ေတြ႕သူမ်ားအားလုံးရဲ႕ ရင္ထဲကို ထိမိေစကာ ဖခင္တစ္ေယာက္ရဲ႕ ခ်စ္ျခင္းေမတၱာမည္မွ်ႀကီးမားေၾကာင္းကိုလည္း ခံစားေစခဲ့သည္။
Hlaing (Love Feeling)