တိရစ္ဆာန်လေးသည်လည်း ဘဝပေးအခြေအနေကြောင့် မတော်တဆမှုတွေနှင့်ကြုံရတတ်ကာ မသန်စွမ်းတွေဖြစ်သွားကြရပြီး အချို့ကျသော မွေးရာပါ မသန်စွမ်းလေးတွေဖြစ်နေရသည်မှာ အင်မတန်မှ ဂရုဏာသက်ဖွယ်ကောင်းလှသည်။
သို့ဖြစ်၍ မလေးရှားနိုင်ငံမှ အသက်၃၀ကျော်အရွယ် ဇနီးမောင်နှံနှစ်ဦးသည် တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာတစ်ခုကနေ မသန်စွမ်းဖြစ်နေသော ခွေးလေးတစ်ကောင်ကို ခေါ်ယူမွေးစားခဲ့သည်။
ထိုခွေးလေးသည် ခြေထောက်နှစ်ဖက်မှာ မွေးရာပါမသန်စွမ်းလေးဖြစ်နေတာကြောင့် လမ်းလျှောက်မရပဲ တရွတ်တိုက်သွားရကာ ဒဏ်ရာဒဏ်ချက်တွေဖြစ်ရပြီး ဇနီးမောင်နှံမှ မြင်တွေ့သည့်အခါ စိတ်မကောင်းဖြစ်ခဲ့ရသည်။
ထို့ကြောင့် ဇနီးမောင်နှံသည် ခွေးလေးအတွက် အထောက်အကူပြုစေမည့်အရာလေးအား စဥ်းစားမိလိုက်ရာတွင် ဝှီးချဲလ်လေးတပ်ဆင်ပေးရန် အကြံရခဲ့၍ အမျိုးသားမှ ကိုယ်တိုင် ပိုက်လုံးနှင့်ဘီးလေးတွေ ဝယ်ယူကာ ဝှီးချဲလ်ငယ်လေးတွေပြုလုပ်ပေးခဲ့သည်။
ဇနီးမောင်နှံသည် အိမ်ကခွေးလေးတွေကို အစမ်းတပ်ဆင်ပေးပြီးနောက် အဆင်ပြေနေ၍ အနီးနားတွင်ရှိသော မသန်စွမ်းခွေးလေးတွေကိုပါ သွားလာရလွယ်ကူအောင် လိုက်လံတပ်ဆင်ပေးခဲ့သည်။
Hlaing (Love Feeling)
Zawgyi
မသန္စြမ္းျဖစ္ၿပီး လမ္းေလွ်ာက္မရေတာ့သည့္ ေခြးေလးေတြကို ဘဝသစ္တစ္ခုေပးသည့္အေနႏွင့္ ဝွီးခ်ဲလ္ေလးေတြ ျပဳလုပ္ကာ တပ္ဆင္ေပးခဲ့ေသာ ဇနီးေမာင္ႏွံ
တိရစာၦန္ေလးသည္လည္း ဘဝေပးအေျခအေနေၾကာင့္ မေတာ္တဆမႈေတြႏွင့္ႀကဳံရတတ္ကာ မသန္စြမ္းေတြျဖစ္သြားၾကရၿပီး အခ်ိဳ႕က်ေသာ ေမြးရာပါ မသန္စြမ္းေလးေတြျဖစ္ေနရသည္မွာ အင္မတန္မွ ဂ႐ုဏာသက္ဖြယ္ေကာင္းလွသည္။
သို႔ျဖစ္၍ မေလးရွားႏိုင္ငံမွ အသက္၃၀ေက်ာ္အ႐ြယ္ ဇနီးေမာင္ႏွံႏွစ္ဦးသည္ တိရစာၦန္ေစာင့္ေရွာက္ေရးေဂဟာတစ္ခုကေန မသန္စြမ္းျဖစ္ေနေသာ ေခြးေလးတစ္ေကာင္ကို ေခၚယူေမြးစားခဲ့သည္။
ထိုေခြးေလးသည္ ေျခေထာက္ႏွစ္ဖက္မွာ ေမြးရာပါမသန္စြမ္းေလးျဖစ္ေနတာေၾကာင့္ လမ္းေလွ်ာက္မရပဲ တ႐ြတ္တိုက္သြားရကာ ဒဏ္ရာဒဏ္ခ်က္ေတြျဖစ္ရၿပီး ဇနီးေမာင္ႏွံမွ ျမင္ေတြ႕သည့္အခါ စိတ္မေကာင္းျဖစ္ခဲ့ရသည္။
ထို႔ေၾကာင့္ ဇနီးေမာင္ႏွံသည္ ေခြးေလးအတြက္ အေထာက္အကူျပဳေစမည့္အရာေလးအား စဥ္းစားမိလိုက္ရာတြင္ ဝွီးခ်ဲလ္ေလးတပ္ဆင္ေပးရန္ အႀကံရခဲ့၍ အမ်ိဳးသားမွ ကိုယ္တိုင္ ပိုက္လုံးႏွင့္ဘီးေလးေတြ ဝယ္ယူကာ ဝွီးခ်ဲလ္ငယ္ေလးေတြျပဳလုပ္ေပးခဲ့သည္။
ဇနီးေမာင္ႏွံသည္ အိမ္ကေခြးေလးေတြကို အစမ္းတပ္ဆင္ေပးၿပီးေနာက္ အဆင္ေျပေန၍ အနီးနားတြင္ရွိေသာ မသန္စြမ္းေခြးေလးေတြကိုပါ သြားလာရလြယ္ကူေအာင္ လိုက္လံတပ္ဆင္ေပးခဲ့သည္။
Hlaing (Love Feeling)