Lifestyle

အချိန်တော်ကြာ ချိုင့်ခွက်များဖြစ်နေသော လမ်းမပေါ်တွင် ကိုယ်ကျိုးမဖက်ပဲ အများကောင်းစားရေးအတွက် နေပူပူထဲမှာ တစ်ယောက်တည်း ပြုပြင်ဖာထေးပေးနေသော အဖိုးအို

Written by MM Celecm

မလေးရှားနိုင်ငံမှ အသက်၇၉နှစ်အရွယ် အဖိုးအိုတစ်ဦးသည် နေ့စဥ်လမ်းမပေါ်မှာ စက်ဘီးစီးထွက်ရင်း မြင်တွေ့သော ချိုင့်ခွက်များကို အာဏာပိုင်တွေပြုပြင်ပေးမည့်ချိန်ထိ စောင့်မနေပဲ ကိုယ့်အသိစိတ်လေးနှင့်အတူ ပြုပြင်ပေးခဲ့သည်။

အဖိုးအိုသည် စက်ဘီးလေးနှင့်အတူ ဘိလပ်မြေ၊ကတ္တစေးတို့ကို ယူဆောင်လာကာ ချို့ခွက်တွေဖြစ်နေသော လမ်းတစ်လျှောက်လုံးကို နေပူပူထဲလည်း ဂရုမစိုက်တော့ပဲ အများပြည်သူသွားလာရအဆင်ပြေအောင် ဖာထေးပေးခဲ့သည်။

လမ်းမပေါ်တွင် ချို့ခွက်များဖြစ်နေချိန် လူအများသည် ကိုယ်နှင့်မဆိုင်သလို ကျော်သွားကြပေမယ့် အဖိုးအိုကတော့ အာဏာပိုင်တွေလာပြင်ပေးတာကို စောင့်ဆိုင်းမည့်အစား ကိုယ့်ဆီမှာရှိသော ပစ္စည်းကိရိယာလေးတွေနှင့် လမ်းမတစ်လျှောက်ရှိ တွင်းပေါက်၊ ချိုင့်ခွက်လေးတွေကို လိုက်ဖာပေးခဲ့ခြင်းဖြင့် အများဧ။်လေးစားချီးကျူးခြင်းများစွာကို ခံခဲ့ရသည်။

Hlaing (Love Feeling)

Zawgyi





Hlaing (Love Feeling)

About the author

MM Celecm

Leave a Comment