International News

မင်္ဂလာပွဲသို့ မတက်ရောက်နိုင်သော သူငယ်ချင်းဖြစ်သူရဲ့ ဓာတ်ပုံကို ပုံကြီးချဲ့ကာ အမှတ်တရပုံများရိုက်ခဲ့ကြသော ဇနီးမောင်နှံ

Written by MM Celecm

မင်္ဂလာပွဲနေ့လေးသည် လူတိုင်းအတွက် မေ့မရနိုင်ပဲ ပျော်ရွှင်စရာ အမှတ်တရနေ့လေးဖြစ်တာကြောင့် ထိုနေ့တွင် ကိုယ့်ရဲ့မိသားစု ဆွေမျိုးနှင့် သူငယ်ချင်းတွေကို မပျက်မကွက် တက်ရောက်စေချင်ကြသည်။

သို့ဖြစ်၍ မလေးရှားနိုင်ငံမှ ကျင်းပပြုလုပ်သော မင်္ဂလာပွဲလေးတွင် သတို့သားနှင့် သတို့သမီးတို့သည် သူတို့ရဲ့အချစ်ဆုံးသူငယ်ချင်းလေးကို မင်္ဂလာပွဲမှာ တက်ရောက်စေချင်သော်လည်း ကပ်ရောဂါအခြေအနေကြောင့် ခေါ်ခွင့်မရခဲ့ပဲရှိရာ သူ့ရဲ့ဓာတ်ပုံကို ပုံကြီးချဲ့ပြီးတော့ မင်္ဂလာပွဲအတွင်း ယူဆောင်လာခဲ့သည်။

သူတို့ရဲ့ သူငယ်ချင်းဖြစ်သူမှ Covidရောဂါ လက္ခဏာတွေ့ရှိထားသည့်အတွက် အိမ်မှာပဲနေရကာ အပြင်ထွက်ခွင့်မရှိ၍ မင်္ဂလာပွဲသို့တက်ရောက်ချင်ပေမယ့် မရသဖြင့် သူ့ကိုယ်စား ဓာတ်ပုံနဲ့သာ တက်ရောက်စေခဲ့ပြီး အမှတ်တရ ဓာတ်ပုံများ ရိုက်ကူးခဲ့ရသည်။

@adzrifsidekSenang kerja photographer, tak payah photoshop 😮‍💨🤌🏻

♬ Spongebob Tomfoolery – Dante9k Remix – David Snell

ထိုပိုစကာကြီးအား မြင်တွေ့သော ဧည့်သည်တော်များမှာ ရယ်မောခဲ့ကြပြီး သူငယ်ချင်းဖြစ်သူအပါအဝင် အကုန်လုံးကို ထိုကပ်ရောဂါတွင်းမှ အမြန်ဆုံး လွတ်မြောက်နိုင်ရန် မျှော်လင့်ခဲ့ကြသည်။

Hlaing (Love Feeling)

Zawgyi

မဂၤလာပြဲသို႔ မတက္ေရာက္ႏိုင္ေသာ သူငယ္ခ်င္းျဖစ္သူရဲ႕ ဓာတ္ပုံကို ပုံႀကီးခ်ဲ႕ကာ အမွတ္တရပုံမ်ား႐ိုက္ခဲ့ၾကေသာ ဇနီးေမာင္ႏွံ

မဂၤလာပြဲေန႔ေလးသည္ လူတိုင္းအတြက္ ေမ့မရႏိုင္ပဲ ေပ်ာ္႐ႊင္စရာ အမွတ္တရေန႔ေလးျဖစ္တာေၾကာင့္ ထိုေန႔တြင္ ကိုယ့္ရဲ႕မိသားစု ေဆြမ်ိဳးႏွင့္ သူငယ္ခ်င္းေတြကို မပ်က္မကြက္ တက္ေရာက္ေစခ်င္ၾကသည္။

သို႔ျဖစ္၍ မေလးရွားႏိုင္ငံမွ က်င္းပျပဳလုပ္ေသာ မဂၤလာပြဲေလးတြင္ သတို႔သားႏွင့္ သတို႔သမီးတို႔သည္ သူတို႔ရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းေလးကို မဂၤလာပြဲမွာ တက္ေရာက္ေစခ်င္ေသာ္လည္း ကပ္ေရာဂါအေျခအေနေၾကာင့္ ေခၚခြင့္မရခဲ့ပဲရွိရာ သူ႔ရဲ႕ဓာတ္ပုံကို ပုံႀကီးခ်ဲ႕ၿပီးေတာ့ မဂၤလာပြဲအတြင္း ယူေဆာင္လာခဲ့သည္။

သူတို႔ရဲ႕ သူငယ္ခ်င္းျဖစ္သူမွ Covidေရာဂါ လကၡဏာေတြ႕ရွိထားသည့္အတြက္ အိမ္မွာပဲေနရကာ အျပင္ထြက္ခြင့္မရွိ၍ မဂၤလာပြဲသို႔တက္ေရာက္ခ်င္ေပမယ့္ မရသျဖင့္ သူ႔ကိုယ္စား ဓာတ္ပုံနဲ႔သာ တက္ေရာက္ေစခဲ့ၿပီး အမွတ္တရ ဓာတ္ပုံမ်ား ႐ိုက္ကူးခဲ့ရသည္။

ထိုပိုစကာႀကီးအား ျမင္ေတြ႕ေသာ ဧည့္သည္ေတာ္မ်ားမွာ ရယ္ေမာခဲ့ၾကၿပီး သူငယ္ခ်င္းျဖစ္သူအပါအဝင္ အကုန္လုံးကို ထိုကပ္ေရာဂါတြင္းမွ အျမန္ဆုံး လြတ္ေျမာက္ႏိုင္ရန္ ေမွ်ာ္လင့္ခဲ့ၾကသည္။

Hlaing (Love Feeling)

About the author

MM Celecm

Leave a Comment