အချို့သော ကလေးငယ်များသည် လောကတရားကြီးဧ။်ဆိုးရွားသော ရိုက်ခတ်မှုဒဏ်တွေကို အရွယ်နှင့်မမျှအောင် ခံစားကြရပြီး မိသားစုအခြေအနေဖြစ်တည်မှုမှာ မူတည်ပြီးတော့ ရှင်သန်ကြရသည်။
သို့ဖြစ်၍ မလေးရှားနိုင်ငံမှ အသက်၄နှစ်အရွယ် ကောင်လေးတစ်ဦးသည် မိသားစုစားဝတ်နေရေးအတွက် တစ်ရက်ကလေးမှ မနားရပဲ ဝင်ငွေရှာနေရသော ဖခင်ဖြစ်သူအလုပ်ထဲသို့ လိုက်ပါသွားကာ လိုအပ်တာများ လုပ်ကိုင်ကူပေးလေ့ရှိသည်။
တစ်နေ့တွင် ကောင်လေးသည် အလုပ်အရမ်းပင်ပန်းလာ၍ ကိုယ်တိုင်ပင် သတိမထားမိတော့ပဲ ဖခင်ဖြစ်သူရဲ့ ရေခဲမုန့်အရောင်းဆိုင်အောက်နားလေးမှာ ငုတ်တုတ်လေးထိုင်ကာ မိုးအေးအေးနှင့် အိပ်ပျော်သွားရှာသည်။
@suparjoe146Syukur selalu🤲🏻🤲🏻
ကောင်လေးသည် မိုးများသည်းထန်စွာ ရွာသွန်းနေပေမယ့် အနွေးထည်မပါတာကြောင့် အင်္ကျီလက်တိုလေးနဲ့ ချမ်းအေးပြီး တုန်တုန်ယင်ယင်ဖြစ်နေသော ပုံရိပ်လေးသည် မြင်တွေ့သူများအားလုံးရဲ့ ရင်ထဲကိုထိမိကာ သူတို့မိသားစုရဲ့ အခက်အခဲအား ကူညီပေးကြရန် လူမှုကွန်ယက်မှာ မျှဝေခဲ့သည်။
Hlaing (Love Feeling)
Zawgyi
ဘဝပေးအခြေအနေအရ မိုးအေးအေးနဲ့ ဖခင်ဖြစ်သူရဲ့ ရေခဲမုန့်ဆိုင်အောက်မှာ မှီပြီးအိပ်ပျော်နေရှာသော ကောင်လေး
သို့ဖြစ်၍ မလေးရှားနိုင်ငံမှ အသက်၎နှစ်အရွယ် ကောင်လေးတစ်ဦးသည် မိသားစုစားဝတ်နေရေးအတွက် တစ်ရက်ကလေးမှ မနားရပဲ ဝင်ငွေရှာနေရသော ဖခင်ဖြစ်သူအလုပ်ထဲသို့ လိုက်ပါသွားကာ လိုအပ်တာများ လုပ်ကိုင်ကူပေးလေ့ရှိသည်။
Hlaing (Love Feeling)