International News

အကူအညီမဲ့နေသော တောဝက်လေးတစ်ကောင်ကို အိမ်ခေါ်ပြန်ကာ မိသားစုရင်းချာလို ကျွေးမွေးစောင့်ရှောက်ပေးခဲ့သော ဇနီးမောင်နှံ

Written by MM Celecm

သီရိလင်္ကာနိုင်ငံမှ အသက်၂၈နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ခင်ပွန်းဖြစ်သူနှင့်အတူ တောရိုင်း တိရစ္ဆာန်ဥယျာဥ်တစ်ခုသို့ အလည်အပတ်ခရီးထွက်ခဲ့စဥ် အဖော်မဲ့ပြီး ယောင်ချာချာဖြစ်နေသော တောဝက်ပေါက်လေးတစ်ကောင်နှင့် ဆုံခဲ့ရာ တိရစ္ဆာန်စောင့်ရှောက်ရေးဌာနသို့ အကြောင်းကြားခဲ့ပေမယ့် သူတို့ထိန်းသိမ်းထားခွင့်မရှိကြောင်း ဆိုခဲ့သည်။

ထို့ကြောင့် ဇနီးမောင်နှံသည် တောဝက်ပေါက်လေးကို မွေးစားရန် ဆုံးဖြတ်ခဲ့ပြီး အိမ်သို့ခေါ်ပြန်ကာ သားသမီးရင်းလေးလို နို့ဘူးဝယ်တိုက်ကာ ပြုစုပျိုးထောင်ပေးခဲ့ပြီး အိမ်မှာမွေးထားသည့် ခွေးလေးနှင့် အဖော်ပြုစေခဲ့သည်။

တောဝက်ပေါက်လေးသည် သခင်ဖြစ်သူရဲ့ စကားကို နာခံမှုရှိကာ အသန့်ကြိုက်ပြီး သခင်ဖြစ်သူနှင့်အတူ ရေကူးကာ လေ့ကျင့်ခန်းလည်း အတူတူလုပ်ဆောင်ခြင်းဖြင့် ဇနီးမောင်နှံနှစ်ဦးအတွက် ချစ်မဝလေးဖြစ်နေခဲ့သည်။


1.


2.


3.


4.


5.


6.


7.


8.


9.

Hlaing (Love Feeling)

Zawgyi

အကူအညီမဲ့ေနေသာ ေတာဝက္ေလးတစ္ေကာင္ကို အိမ္ေခၚျပန္ကာ မိသားစုရင္းခ်ာလို ေကြၽးေမြးေစာင့္ေရွာက္ေပးခဲ့ေသာ ဇနီးေမာင္ႏွံ

သီရိလကၤာႏိုင္ငံမွ အသက္၂၈ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးသည္ ခင္ပြန္းျဖစ္သူႏွင့္အတူ ေတာ႐ိုင္း တိရစာၦန္ဥယ်ာဥ္တစ္ခုသို႔ အလည္အပတ္ခရီးထြက္ခဲ့စဥ္ အေဖာ္မဲ့ၿပီး ေယာင္ခ်ာခ်ာျဖစ္ေနေသာ ေတာဝက္ေပါက္ေလးတစ္ေကာင္ႏွင့္ ဆုံခဲ့ရာ တိရစာၦန္ေစာင့္ေရွာက္ေရးဌာနသို႔ အေၾကာင္းၾကားခဲ့ေပမယ့္ သူတို႔ထိန္းသိမ္းထားခြင့္မရွိေၾကာင္း ဆိုခဲ့သည္။

ထို႔ေၾကာင့္ ဇနီးေမာင္ႏွံသည္ ေတာဝက္ေပါက္ေလးကို ေမြးစားရန္ ဆုံးျဖတ္ခဲ့ၿပီး အိမ္သို႔ေခၚျပန္ကာ သားသမီးရင္းေလးလို ႏို႔ဘူးဝယ္တိုက္ကာ ျပဳစုပ်ိဳးေထာင္ေပးခဲ့ၿပီး အိမ္မွာေမြးထားသည့္ ေခြးေလးႏွင့္ အေဖာ္ျပဳေစခဲ့သည္။

ေတာဝက္ေပါက္ေလးသည္ သခင္ျဖစ္သူရဲ႕ စကားကို နာခံမႈရွိကာ အသန္႔ႀကိဳက္ၿပီး သခင္ျဖစ္သူႏွင့္အတူ ေရကူးကာ ေလ့က်င့္ခန္းလည္း အတူတူလုပ္ေဆာင္ျခင္းျဖင့္ ဇနီးေမာင္ႏွံႏွစ္ဦးအတြက္ ခ်စ္မဝေလးျဖစ္ေနခဲ့သည္။

Hlaing (Love Feeling)

About the author

MM Celecm

Leave a Comment