Love & Relationship

လေဖြတ်သွားသော ဇနီးဖြစ်သူရဲ့ ဆန္ဒကိုလိုက်လျောသည့်အနေနှင့် ကျောပိုးကာ ၁၂နာရီအကြာ တောင်တက်ခရီးထွက်ခဲ့သော ခင်ပွန်းသည်

Written by MM Celecm

တရုတ်နိုင်ငံ Shandongပြည်နယ်တွင် နေထိုင်သော အသက်၃၀ကျော်အရွယ် ခင်ပွန်းသည်တစ်ဦးသည် လေဖြတ်သွားသော ဇနီးဖြစ်သူကို စွန့်မပစ်ရက်ပဲ ၁၃နှစ်အကြာ ပြုစုစောင့်ရှောက်ကာ သူမအဖြစ်ချင်ဆုံး ဆန္ဒကိုလည်း ဖြည့်ဆည်းပေးခဲ့သည်။

သူတို့ဇနီးမောင်နှံသည် နှစ်ဖက်မိဘသဘောမတူညီမှုကြောင့် ညဖက်တွင် အုတ်နံရံကိုကျော်ပြီး ခိုးပြေးခဲ့ရာ မိန်းကလေးမှ မှောင်နေ၍ ခြေချော်ပြီး အုတ်တံတိုင်းပေါ်ကနေ ပြုတ်ကျခဲ့ရာကနေ ကျောရိုးဒဏ်ရာရရှိခဲ့ပြီး အချိန်ကြာလာသည်နှင့်အမျှ အောက်ပိုင်းသေရောဂါရခဲ့သည်။

ခင်ပွန်းသည်သည် ဇနီးဖြစ်သူ အောက်ပိုင်းသေပြီး လမ်းလျှောက်မရဖြစ်နေချိန်တွင် ထားမသွားပဲ ချစ်ခြင်းမေတ္တာမပြတ် ဂရုစိုက်ပြုစုပေးခဲ့ပြီး ပိုက်ဆံအနည်းငယ်စုဆောင်းမိချိန်တွင် ဇနီးသည်ဖြစ်ချင်သည့် ဆန္ဒကို ဖြည့်ဆည်းပေးမည်ဟုဆိုခဲ့ရာ ဇနီးသည်မှ ဒေသတွင်းရှိ အမြင့်ဆုံးတောင်ထိပ်ပေါ်သို့ တက်ချင်ပြီး နေထွက်တာလေးကို ကြည့်ချင်ကြောင်း တောင်းဆိုခဲ့သည်။

ခင်ပွန်းဖြစ်သူလည်း အလုပ်နားရက်တွင် ဇနီးသည်ကို ကျောပိုးကာ ဒေသရှိ အမြင့်ဆုံးတောင်ထိပ်ဖြစ်သည့် Taishanတောင်ပေါ်သို့ ခြေလျင်ခရီးကို စတင်ခဲ့ပြီး ၁၂နာရီအကြာ ကျောပိုးကာ နေထွက်တာကို မြင်စေခဲ့သည်။


1.


2.


3.

Hlaing (Love Feeling)

Zawgyi

ေလျဖတ္သြားေသာ ဇနီးျဖစ္သူရဲ႕ ဆႏၵကိုလိုက္ေလ်ာသည့္အေနႏွင့္ ေက်ာပိုးကာ ၁၂နာရီအၾကာ ေတာင္တက္ခရီးထြက္ခဲ့ေသာ ခင္ပြန္းသည္

တ႐ုတ္ႏိုင္ငံ Shandongျပည္နယ္တြင္ ေနထိုင္ေသာ အသက္၃၀ေက်ာ္အ႐ြယ္ ခင္ပြန္းသည္တစ္ဦးသည္ ေလျဖတ္သြားေသာ ဇနီးျဖစ္သူကို စြန္႔မပစ္ရက္ပဲ ၁၃ႏွစ္အၾကာ ျပဳစုေစာင့္ေရွာက္ကာ သူမအျဖစ္ခ်င္ဆုံး ဆႏၵကိုလည္း ျဖည့္ဆည္းေပးခဲ့သည္။

သူတို႔ဇနီးေမာင္ႏွံသည္ ႏွစ္ဖက္မိဘသေဘာမတူညီမႈေၾကာင့္ ညဖက္တြင္ အုတ္နံရံကိုေက်ာ္ၿပီး ခိုးေျပးခဲ့ရာ မိန္းကေလးမွ ေမွာင္ေန၍ ေျခေခ်ာ္ၿပီး အုတ္တံတိုင္းေပၚကေန ျပဳတ္က်ခဲ့ရာကေန ေက်ာ႐ိုးဒဏ္ရာရရွိခဲ့ၿပီး အခ်ိန္ၾကာလာသည္ႏွင့္အမွ် ေအာက္ပိုင္းေသေရာဂါရခဲ့သည္။

ခင္ပြန္းသည္သည္ ဇနီးျဖစ္သူ ေအာက္ပိုင္းေသၿပီး လမ္းေလွ်ာက္မရျဖစ္ေနခ်ိန္တြင္ ထားမသြားပဲ ခ်စ္ျခင္းေမတၱာမျပတ္ ဂ႐ုစိုက္ျပဳစုေပးခဲ့ၿပီး ပိုက္ဆံအနည္းငယ္စုေဆာင္းမိခ်ိန္တြင္ ဇနီးသည္ျဖစ္ခ်င္သည့္ ဆႏၵကို ျဖည့္ဆည္းေပးမည္ဟုဆိုခဲ့ရာ ဇနီးသည္မွ ေဒသတြင္းရွိ အျမင့္ဆုံးေတာင္ထိပ္ေပၚသို႔ တက္ခ်င္ၿပီး ေနထြက္တာေလးကို ၾကည့္ခ်င္ေၾကာင္း ေတာင္းဆိုခဲ့သည္။

ခင္ပြန္းျဖစ္သူလည္း အလုပ္နားရက္တြင္ ဇနီးသည္ကို ေက်ာပိုးကာ ေဒသရွိ အျမင့္ဆုံးေတာင္ထိပ္ျဖစ္သည့္ Taishanေတာင္ေပၚသို႔ ေျခလ်င္ခရီးကို စတင္ခဲ့ၿပီး ၁၂နာရီအၾကာ ေက်ာပိုးကာ ေနထြက္တာကို ျမင္ေစခဲ့သည္။

Hlaing (Love Feeling)

About the author

MM Celecm

Leave a Comment