မိန်းကလေးတိုင်းရဲ့ ကံကောင်းခြင်း ကံဆိုးခြင်း ကံကြမ္မာတွေသည် အိမ်ထောင်ကျပြီးမှသာ သိကြရပြီး ယောကျာ်းဆိုးနှင့် တွေ့ရပါက ဘဝတစ်ခုလုံး ပျက်စီးသွားကြရသည်။
ယခုတွင်လည်း ထိုင်းနိုင်ငံမှ အသက်၂၇နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် အိမ်ထောင်အစောကျကာ ကံဆိုးစွာဖြင့် ခင်ပွန်းဆိုးနှင့်တွေ့ခဲ့ရပြီး ကလေး၂ယောက်ရပြီးသည်ထိ အလုပ်မလုပ်ကျွေးပဲ သူမဆီကနေ ငွေများတောင်းရမ်းကာ သုံးဖြုန်းခဲ့သည်။
အမျိုးသမီးလည်း အလုပ်မကိုင်ကမကောင်းသည့်ကြားထဲ တစ်နေ့တစ်နေ့ အကြွေးတွေသာများလာတာကြောင့် သည်းမခံနိုင်တော့သည့်အဆုံး ခင်ပွန်းဖြစ်သူနှင့်ကွာရှင်းကာ သားသမီး၂ယောက်နှင့်အတူ သင်္ဘောသီးထောင်းဆိုင်လေးဖွင့်ကာ ဝင်ငွေရှာခဲ့သည်။
အမျိုးသမီးသည် အလုပ်လုပ်ရာတွင် ပင်ပန်းသည့်ကြားက သားသမီး၂ယောက်လုံးကလည်း အငယ်လေးတွေရှိသေးတာကြောင့် လွှတ်ထား၍မရသေးပဲ ကျောပိုးကာ အလုပ်လုပ်ခဲ့ရပေမယ့် သားသမီး၂ယောက်ကို ခေါ်ယူမွေးစားချင်သူများရှိသော်လည်း သူမချွေးနဲစာလေးနဲ့ လောက်အောင် သုံးခဲ့ပြီး လက်မလျှော့ပဲ ကြိုးစားပြီး ဝင်ငွေရှာနေခဲ့သည်။
Hlaing (Love Feeling)
Zawgyi
ဘဝလက်တွဲဖော်အတွက် မှားယွင်းပြီးရွေးချယ်မိခဲ့တာကြောင့် ကလေး၂ယောက်နဲ့ ဒုက္ခရောက်နေရရှာသော ကြင်ဖော်မဲ့ မိခင်တစ်ဦး
Hlaing (Love Feeling)