International News

ဂိုဒေါင်တစ်ခုမှာ ဘိလပ်မြေအိတ်များထမ်းရင်း ဝင်ငွေရှာကာ သမီးဖြစ်သူအား ဘွဲ့ရပညာတတ်တစ်ယောက်ဖြစ်သည်ထိ ပံ့ပိုးပေးခဲ့သော ဖခင်တစ်ဦး

Written by MM Celecm

ဖိလစ်ပိုင်နိုင်ငံမှ အသက်၄၉နှစ်အရွယ် ဖခင်တစ်ဦးသည် သမီးဖြစ်သူကို ဘွဲ့ရသည်ထိ ကျောင်းထားပေးချင်တာကြောင့် နှစ်ပေါင်း ၂၀ကျော်အကြာ ဂိုဒေါင်တစ်ခုမှာ ကုန်တင်ကုန်ချလုပ်ရင်း ဝင်ငွေရှာခဲ့သည်။

ဖခင်ဖြစ်သူမှာ အသက်ကြီးလာပြီဖြစ်၍ လေးလံသော ဘိလပ်မြေအိတ်များ သယ်ဆောင်ရာတွင် ခြေထောက်တွေမှာ မသန်မာတော့ပဲ ပင်ပန်းနွမ်းနှယ်နေသော်လည်း အလုပ်ကနေ အနားယူခြင်းမျိုးမရှိပဲ တစ်ယောက်တည်း ဆင်းရဲဒုက္ခခံကာ သမီးလေးရဲ့ ပညာရေးအတွက် ဦးစားပေးခဲ့သည်။

ဖခင်ဖြစ်သူသည် အခြားသောမိဘတွေလို ကျောင်းအစောထွက်ခိုင်းပြီး အလုပ်ဝင်ခိုင်းတာမျိုးမပြုလုပ်ရက်ပဲ လေးလံတဲ့အိတ်တွေ ထမ်းရခြင်းကြောင့် ချွေးတလုံးလုံးနဲ့ဖြစ်နေခဲ့ပေမယ့် သမီးလေးအနာဂတ်မှာ ပင်ပင်ပန်းပန်းမလုပ်စားရလေအောင် စာကိုသာ ကြိုးစားသင်ယူခိုင်းပြီး လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးခဲ့သည်။

Hlaing (Love Feeling)

Zawgyi





Hlaing (Love Feeling)

About the author

MM Celecm

Leave a Comment