လောကကြီးတွင် လူတိုင်းသည် လှံထမ်းလာတာကိုမြင်ရပြီး ကံထမ်းထာတာကိုကျ မမြင်နိုင်ကြပဲ တစ်ခါတစ်လေ မထင်မှတ်ထားတဲ့အရာတွေကို ကိုယ့်ရဲ့မျက်စိရှေ့မှာပဲ မြင်နေရကာ ဆင်းရဲသားဘဝကနေလည်း ကံကောင်းချင်ပါက ချက်ချင်းပဲ သူဌေးသားအဖြစ် ပြောင်းလဲသွားနိုင်သည်။
သို့ဖြစ်၍ မလေးရှားနိုင်ငံ ကျေးလက်ဒေသတွင် နေထိုင်သော အမျိုးသားတစ်ဦးသည် စားဝတ်နေရေးအတွက် ၆လအကြာ အမှိုက်ကောက်သမားအဖြစ် လုပ်ကိုင်ခဲ့ပြီး မမျှော်လင့်ပဲ ရုတ်တရက် ကြီးပွားချမ်းသာလာခဲ့သည်။
အမျိုးသားသည် အမှိုက်ကောက်သမားအဖြစ် လုပ်ကိုင်ရင်း သူ့ဘဝရဲ့ နေ့စဥ်ဖြတ်သန်းမှုကို စိတ်ကုန်ကာ မိတ်ဆွေတစ်ဦးရဲ့အကူအညီနဲ့ အိမ်ခြံမြေ အကျိုးဆောင်ရေးလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ရာကနေ အောင်မြင်မှုကိုရရှိကာ ကံကောင်းစွာဖြင့် သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာခဲ့သည်။
အမျိုးသားသည် သူချမ်းသာလာချိန်တွင် ဘဝမမေ့ပဲ သူ့ရဲ့မွေးရပ်မြေဇာတိက ရွာသူရွာသားများကို ရဟတ်ယာဥ်အခမဲ့ စီးနင်းခွင့်ပေးခဲ့ပြီး ၆ရက်အတွင်းကို ရွာသူရွာသားအယောက်ပေါင်း ၃၀၀ကျော်ကို ရဟတ်ယာဥ်အခမဲ့ ပေးစီးခဲ့ကာ သူတို့လေးတွေရဲ့ပျော်ရွှင်မှုအပြုံးလေးတွေကိုကြည့်ရင်း ပီတိဖြစ်နေခဲ့သည်။
Hlaing (Love Feeling)
Zawgyi
အမှိုက်ကောက်သမားဘဝကနေ သန်းကြွယ်သူဌေးဖြစ်လာချိန်တွင် ဘဝမမေ့ပဲ မွေးရပ်မြေရှိ ရွာသူရွာသားများအား ရဟတ်ယာဉ်အခမဲ့ပေးစီးခဲ့သော အမျိုးသား
Hlaing (Love Feeling)