အချို့သော ကလေးငယ်များသည် မိဘတွေက စားဝတ်နေရေးအတွက် ရုန်းကန်နေရစဥ် ကလေးတွေကို အဖိုးအဖွားဆီမှာ အပ်နှံထားကြတာကများသည့်အတွက် အဖိုးအဖွားနှင့်မြေးတို့ရဲ့ သံယောဇဉ်မှာ ကြီးမားလာကြသည်။
ယခုတွင်လည်း ထိုင်းနိုင်ငံမှ အသက်၅၈နှစ်အရွယ် အဖိုးအဖွား ဇနီးမောင်နှံနှစ်ဦးသည် မြေးသုံးယောက်ကို ပြုစုစောင့်ရှောက်နေရပြီး စားဝတ်နေရေးအတွက်ကို ကြုံရာနေ့စားအလုပ်လေးလုပ်စားကာ အမှိုက်လိုက်ကောက်ခြင်းဖြင့် အသက်မွေး၀မ်းကျောင်း ပြုနေရသည်။
ကလေးတွေရဲ့ မိဘနှစ်ပါးမှာ မြို့ထဲသွားရောက်ပြီး အလုပ်လုပ်ကာ လစဥ်အသုံးစရိတ်အတွက် ငွေများပို့ဆောင်ပေးသော်လည်း သူတို့ရသည့်လစာမှာ နည်းပါးသည့်အတွက် တစ်မိသားစုလုံး စားသောက်ဖို့ရာ မလုံလောက်ခဲ့ပေ။
ထို့ကြောင့် အဖိုးအဖွားဇနီးမောင်နှံကပဲ မြေးလေးတွေ ထမင်းနှပ်မှန်အောင် ကြုံရာအလုပ်လုပ်ကိုင်ခဲ့ပြီး အဖိုးဖြစ်သူမှာ အလုပ်ပင်ပန်းသည့်ကြားက မြေးအငယ်နှစ်ယောက်ကို စက်ဘီးနောက်ကနေ လှည်းကလေးတပ်ဆင်ကာ ရှေ့ကနေမမောနိုင်မပန်းနိုင် ကျောင်းရောက်သည်ထိ စက်ဘီးလေးနင်းကာ ပို့ဆောင်ပေးနေခြင်းဖြင့် မပြည့်စုံပေမယ့် ပျော်ရွှင်သာယာသော မိသားစုကို ပိုင်ဆိုင်ထားသည့်အတွက် အများမှ ချီးမွမ်းနေခဲ့ကြသည်။
1.
video
Hlaing (Love Feeling)
Zawgyi
စက်ဘီးနောက်မှာ လှည်းကလေးတပ်ဆင်ကာ မြေးလေးတွေကို ကိုယ်တိုင်ကျောင်းလိုက်ပို့ပေးနေသော ဖိုးဖိုး
Hlaing (Love Feeling)