မိန်းကလေးတစ်ယောက်ဧ။် ကံကောင်းခြင်း ၊ ကံဆိုးခြင်းများသည် အိမ်ထောင်ကျသည့်အခါမှ မိမိဧ။် အိမ်ထောင်ဖက်နှင့်သာ သက်ဆိုင်သည် ဆိုသော ဆိုရိုးစကားများ ကြားဖူးကြလိမ့်မည်ဟု ထင်မိပါသည်။
သို့ဖြစ်၍ ကင်ညာနိုင်ငံရှိ အူမိုဂျာ ဟုခေါ်သော ရွာငယ်လေးတစ်ရွာတွင် ထူးဆန်းစွာဖြင့် အမျိုးသမီးများသာ နေထိုင်ပြီး ရွာထဲတွင် အမျိုးသား တစ်စုံတစ်ယောက်မှ ဝင်ရောက်ခွင့်မရှိဟု သိရသည်။
အကြောင်းမှာ နိုင်ငံရှိ အနိုင်ကျင့် နှိပ်စက်ခံရသော အိမ်ထောင်သည် အမျိုးသမီးများအတွက် လုံခြုံမှုပေးရန် သီးသန့် ဆောက်ထားပေးသော ရွာလေးဖြစ်နေခြင်းကြောင့် ဖြစ်သည်။
ထို့အတူ ရွာထဲရှိ အမျိုးသမီးများသည် နေ့စဥ် စားဝတ်နေရေးအတွက် လက်ဝတ်ရတနာလေးများကို ကိုယ်တိုင်ပြုလုပ် ရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြရသည်။
ကျေးရွာလေးတွင် အမျိုးသမီး ၄၇ယောက်နှင့်အတူ ကလေးငယ်များ အယောက် ၂၀၀ နေထိုင်လျက်ရှိပါသည်။ထိုရွာလေးသည် အဆင်မပြေ ကြမ်းတမ်းသော ဘဝတွင် နေခဲ့ရသော အမျိုးသမီးများအတွက် အကောင်းဆုံးနှင့် အလွတ်လပ်ဆုံးနေရာလေး တစ်ခုဖြစ်နေခဲ့သည်။
ထိုကျေးရွာလေးသည် တဖြည်းဖြည်းနှင့် လူသိများလာပြီး ကမ္ဘာလှည့် ခရီးသွားများပင် ရွာထဲသို့ ဝင်ကြေးငွေများဆောင်ကာ သွားရောက်လည်ပတ်ခဲ့ကြသည်ဟု ဆိုပါသည်။
video
Hlaing (Love Feeling)
Zawgyi
အမျိုးသားတစ်ယောက်မှ မရှိဘဲ အမျိုးသမီးများ သာ သီးသန့် နေထိုင်သော ရွာငယ်လေး
Hlaing (Love Feeling)