Fun

ခင်ပွန်းဖြစ်သူမှာ သူငယ်ချင်းတွေနှင့် ကာရာအိုကေဆိုင်သို့ သွားရောက်ပျော်ပါးနေလို့ဆိုပြီး သူ့အချစ်ဆုံးအိမ်မွေးတိရစ္ဆာန်ငါးလေးတွေကို ချက်ပြုတ်ပစ်လိုက်သော ဇနီးသည်

Written by MM Celecm

ဗီယက်နမ်နိုင်ငံမှ အမျိုးသမီးတစ်ဦးသည် သူမဧ။် ခင်ပွန်းမှာ စကားနားမထောင်လို့ဆိုပြီး အိမ်တွင်မွေးထားသော အလှငါးလေးတွေကို စိတ်တိုတိုနှင့် ချက်ပြုတ်စားခဲ့သည်။

ခင်ပွန်းဖြစ်သူသည် ညဖက်တွင် သူငယ်ချင်းအပေါင်းအသင်းတွေနှင့်အတူ ကာရာအိုကေဆိုင်သို့ သွားပြီး ပျော်ပါးခဲ့ရာ ညဥ့်နက်ပြီဖြစ်သော်လည်း ပြန်လာဖို့ ဖုန်းဆက်ခေါ်သော်လည်း တော်တော်နဲ့ ပြန်မလာခဲ့ပေ။

ညတိုင်းဖြစ်နေသည့်အတွက် ဇနီးဖြစ်သူသည် သည်းမခံနိုင်တော့ပဲ ခင်ပွန်းရဲ့အချစ်ဆုံး အိမ်မွေးငါးလေးတွေကို ဟင်းချက်ပစ်လိုက်တော့သည်။

ခင်ပွန်းဖြစ်သူလည်း အိမ်ပြန်ရောက်လာစဥ် သူ့ငါးလေးတွေဧ။်အဖြစ်ကို ကြည့်ရင်း အတော်လေးကြေကွဲခဲ့ရသည်။

Hlaing (Love Feeling)

Zawgyi






Hlaing (Love Feeling)

About the author

MM Celecm

Leave a Comment