Love & Relationship

အမြတ်တနိုးတယုတယနဲ့ ကျွေးမွေးစောင့်ရှောက်ပေးခဲ့သော ကြက်ဖလေးမှာ သေဆုံးသွားတာကြောင့် စိတ်ထိခိုက် ဝမ်းနည်းနေခဲ့သော မိန်းကလေး

Written by MM Celecm

အိမ်မွေးတိရစ္ဆာန်အဖြစ် ခွေးလေးများ၊ ကြောင်လေးများနှင့် ငါးကလေးတွေကို အများဆုံးမွေးမြူတတ်ပေမယ့် ကြက်ကို ဟင်းချက်မစားပဲ အလှမွေးတာမျိုးလည်း ရှိနေသည်။

ဖိလစ်ပိုင်နိုင်ငံမှ အသက်၂၀ကျော်အရွယ် မိန်းကလေးတစ်ဦးသည် ကြက်ဖဖြူလေးတစ်ကောင်ကို စျေးမှဝယ်ယူခဲ့ပြီး ကြီးပြင်းလာသည်ထိကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူခဲ့သည်။

မိန်းကလေးသည် ကြက်ဖလေးပေါ်မှာ သံယောဇဉ်ကြီးကာ သူ့ရဲ့အားလပ်ချိန်တွေကို သူမရဲ့ကြက်ဖလေးနှင့်သာ ကုန်ဆုံးခဲ့ပြီး ကြက်ဖလေးရဲ့ မွေးနေ့ကိုလည်း ပျော်ရွှင်စရာ အမှတ်တရလေးအဖြစ် မွေးနေ့ပွဲလေးကျင်းပပေးခဲ့သေးသည်။

ကြက်ဖလေးသည်လည်း သခင်ဖြစ်သူရဲ့ စကားကို နာခံမှုရှိကာ နေရာတကာလိုက်ပါသွားတတ်ပြီး အိမ်ထဲသို့ အခြားသူစိမ်းများ ဝင်ရောက်ပါကလည်း အသံပေးကာ လိုက်ဆိတ်တတ်ပြီး ဘေးရန်မှ ကာကွယ်ပေးတတ်၍ သခင်ဖြစ်သူဆီကနေ အချစ်ပိုစေခဲ့သည်။

သို့သော်လည်း ကြက်ဖလေးသည် ကံမကောင်းစွာပဲ ကြက်ရောဂါဖြစ်ပွားချိန်တွင် ကူးစက်ခံလိုက်ရပြီး သူချစ်သောမိသားစုကနေ အပြီးပိုင် ထွက်ခွာသွားရကာ သခင်ဖြစ်သူမိန်းကလေးမှ အလွန်ဝမ်းနည်းခံစားခဲ့ရပြီး သေသေချာချာလေး မြေမြှပ်ကာ ကောင်းမွန်သောဘဝသို့ရောက်နိုင်အောင် ဆုတောင်းပေးခဲ့သည်။


1.


2.

Hlaing (Love Feeling)

Zawgyi

အျမတ္တႏိုးတယုတယနဲ႔ ေကြၽးေမြးေစာင့္ေရွာက္ေပးခဲ့ေသာ ၾကက္ဖေလးမွာ ေသဆုံးသြားတာေၾကာင့္ စိတ္ထိခိုက္ ဝမ္းနည္းေနခဲ့ေသာ မိန္းကေလး

အိမ္ေမြးတိရစာၦန္အျဖစ္ ေခြးေလးမ်ား၊ ေၾကာင္ေလးမ်ားႏွင့္ ငါးကေလးေတြကို အမ်ားဆုံးေမြးျမဴတတ္ေပမယ့္ ၾကက္ကို ဟင္းခ်က္မစားပဲ အလွေမြးတာမ်ိဳးလည္း ရွိေနသည္။

ဖိလစ္ပိုင္ႏိုင္ငံမွ အသက္၂၀ေက်ာ္အ႐ြယ္ မိန္းကေလးတစ္ဦးသည္ ၾကက္ဖျဖဴေလးတစ္ေကာင္ကို ေစ်းမွဝယ္ယူခဲ့ၿပီး ႀကီးျပင္းလာသည္ထိကို အိမ္ေမြးတိရစာၦန္အျဖစ္ ေမြးျမဴခဲ့သည္။

မိန္းကေလးသည္ ၾကက္ဖေလးေပၚမွာ သံေယာဇဥ္ႀကီးကာ သူ႔ရဲ႕အားလပ္ခ်ိန္ေတြကို သူမရဲ႕ၾကက္ဖေလးႏွင့္သာ ကုန္ဆုံးခဲ့ၿပီး ၾကက္ဖေလးရဲ႕ ေမြးေန႔ကိုလည္း ေပ်ာ္႐ႊင္စရာ အမွတ္တရေလးအျဖစ္ ေမြးေန႔ပြဲေလးက်င္းပေပးခဲ့ေသးသည္။

ၾကက္ဖေလးသည္လည္း သခင္ျဖစ္သူရဲ႕ စကားကို နာခံမႈရွိကာ ေနရာတကာလိုက္ပါသြားတတ္ၿပီး အိမ္ထဲသို႔ အျခားသူစိမ္းမ်ား ဝင္ေရာက္ပါကလည္း အသံေပးကာ လိုက္ဆိတ္တတ္ၿပီး ေဘးရန္မွ ကာကြယ္ေပးတတ္၍ သခင္ျဖစ္သူဆီကေန အခ်စ္ပိုေစခဲ့သည္။

သို႔ေသာ္လည္း ၾကက္ဖေလးသည္ ကံမေကာင္းစြာပဲ ၾကက္ေရာဂါျဖစ္ပြားခ်ိန္တြင္ ကူးစက္ခံလိုက္ရၿပီး သူခ်စ္ေသာမိသားစုကေန အၿပီးပိုင္ ထြက္ခြာသြားရကာ သခင္ျဖစ္သူမိန္းကေလးမွ အလြန္ဝမ္းနည္းခံစားခဲ့ရၿပီး ေသေသခ်ာခ်ာေလး ေျမျမႇပ္ကာ ေကာင္းမြန္ေသာဘဝသို႔ေရာက္ႏိုင္ေအာင္ ဆုေတာင္းေပးခဲ့သည္။

Hlaing (Love Feeling)

About the author

MM Celecm

Leave a Comment